သင့်လုပ်ငန်းမှာ ဝဘ်ဆိုက်ရှိဖို့လိုအပ်တဲ့အကြောင်း ၇ ချက်

ကိုယ်ပိုင်လုပ်ငန်းကိုလုပ်တော့မယ်ဆိုတာနဲ့ အရင်တုန်းကတော့ လုပ်ငန်းလိုင်စင်လေးလုပ်လိုက်၊ နည်းနည်းကြီးမယ်ဆိုရင်တော့ ကုမ္ပဏီလိုင်စင်ထောင်လိုက်တာနဲ့တင်အဆင်ပြေတယ်လို့ထင်ကြတာ…
ဒါပေမယ့် ပြောမယ့်သာပြောတာ.. အခုနောက်ပိုင်းနှစ်တွေမှာ အဲဒါလောက်နဲ့တင်အဆင်မပြေတော့ဘူးလေ.. အွန်လိုင်းကနေ ရောင်းဝယ်ဖောက်ကားတာတွေလည်းများလာသလို လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း လုပ်ကိုင်ရမှာတွေကလည်း များလာတယ်။
ကျွန်တော် အခုပြောပြမှာကတော့ ခင်ဗျားမှာ အောက်မှာပြောမယ့်အချက်တွေနဲ့ပတ်သက်ပြီးရှိလာပြီဆိုရင်တော့ ခင်ဗျား Website တစ်ခုလိုအပ်နေပြီလို့ပြောပြလိုက်တာပါပဲ။ တကယ်လိုမလိုကတော့ ကိုယ်တိုင်ဆုံးဖြတ်ပေါ့။ ကျွန်တော့်တုန်းကတော့ အဲဒီလိုစဥ်းစားလိုက်ရင်းကနေပဲ အခု ဒီဒိုမိန်းကို ယူပြီးတော့ အလုပ်လုပ်ဖြစ်သွားတာပါပဲလေ။
၁။ ကိုယ့်လုပ်ငန်းကို လူတိုင်းကို သိစေချင်တယ်
လုပ်ငန်းကို လူတိုင်းကို သိစေချင်တယ်ဆိုရင်တော့ Website တစ်ခု အရမ်းကို လိုအပ်ပါတယ်လေ။ ဘယ်နားမှာပဲဖြစ်ဖြစ် ကိုယ့်လုပ်ငန်းကို အနီးဆုံးဆက်သွယ်နိုင်တာဟာ Website ဖြစ်တယ်ဆို ယုံနိုင်ပါ့မလား။ ဟုတ်ပါတယ်။ Website တစ်ခုဟာ ခင်ဗျား လက်ကမ်းစာစောင် အစောင် တစ်ထောင်လောက်ဝေတာထက်တောင် ပိုပြီးတော့ ခရီးရောက်ပါတယ်လေ။
၂။ လုပ်ငန်းအချက်အလက်တွေကို လူတွေကို အမြဲတမ်း ချပြချင်သလား
ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို နောက်ဆုံးပေါ်နည်းပညာတစ်ခုနဲ့ လူတွေလက်ထဲကို အရောက်ပို့ချင်ပြီဆိုရင်တော့ Website တစ်ခုကို ရသလို ယူထားလိုက်တာက အရမ်းကောင်းပါတယ်။ကိုယ့်ဆီမှာ ဈေးလျှော့ရောင်းဖို့ပဲဖြစ်ဖြစ်၊ပစ္စည်းအသစ်ရောက်တာပဲဖြစ်ဖြစ် အလုပ်တွေနဲ့ ပတ်သက်တဲ့အရာအားလုံးကို သင့်ဖောက်သည်တွေဆီကို အချိန်နဲ့တပြေးညီရောက်အောင် ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။
၃။ ငွေပေးချေမှုပိုင်းဆိုင်ရာတွေကို လူတွေနဲ့တိုက်ရိုက်ဆက်ဆံချင်တာ
လူတွေက သင့်ဆီက လုပ်ငန်းကို ရယူတယ်ဆိုရင် ငွေပေးငွေယူပိုင်းနဲ့ပတ်သက်ပြီး Website တစ်ခုရှိတာပိုကောင်းတယ်ဆိုတာကို သိပါသလား။ ကိုယ်ဟာ ဟိုတယ်လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတယ်ဆိုပါစို့။ ကိုယ့်ဆီမှာလာတည်းမဲ့သူတွေကို ပိုကောင်းတဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် ငွေကို မြန်မြန်ယူပြီး အလုပ်ကို မြန်မြန်လုပ်ပေးလိုက်တာဟာ ပိုကောင်းပါလိမ့်မယ်။
၄။ လုပ်ငန်းမှာ ဖြစ်လေ့ရှိတဲ့သဘောတွေ
ကိုယ့်လုပ်ငန်းမှာဖြစ်လေ့ရှိတဲ့သဘောတွေအားလုံးကို စုစည်းထားတာတွေအားလုံးကို အမေးများတဲ့မေးခွန်းအောက်မှာထည့်ထားလိုက်ပြီး လူတွေကို အဲဒီကိုပို့လိုက်တာနဲ့တစ်ပြိုင်နက် အလုပ်အများကြီးပြီးသွားပါတယ်။ ဘယ်ဟာက ဘယ်လိုဖြစ်တယ်ဆိုတာကို ကြိုပြောထားလိုက်တဲ့အတွက်ကြောင့် လူတွေဟာ အဲဒီ Website မှာပဲ အချိန်ပေးဖြစ်သွားကြပါတယ်လေ။
၅။ လုပ်ငန်းအနေအထား
ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ဖောက်သည်တွေဆီက အနေအထားတစ်ခုကို တင်ပြချင်တယ်ဆိုရင်လည်း ဝဘ်ဆိုက်တစ်ခုလိုအပ်ပါတယ်လေ။ လုပ်ငန်းအနေအထား အရပ်ရပ်ကို ဖောက်သည်တွေက သိနေရရင် ခင်ဗျားကို ပိုပြီးတော့တောင် ကျေးဇူးတင်ကြမှာပါ။
၆။ အရောင်းစာရေး
ဖုန်းတွေ တဂွမ်ဂွမ် နေ့မနားညမအား ဝင်လာတာကို ကြိုက်ရင်တော့ ဝဘ်ဆိုက်မလုပ်ပါနဲ့။ ဝဘ်ဆိုက်ရှိရင် အဲဒါမျိုးလေးတွေတော့ မကြားရတော့ပါဘူး။ လူတော်တော်များများက အဲဒီWebsite မှာပဲ ပတ်လည်ကြည့်သွားမှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းသိပ်မဆက်ကြတော့ဘူးလေ။
၇။ ဗဟုသုတ မျှဝေမယ်
ကျွန်တော်တို့ဆိုက်လိုပါပဲ။ ဒီဗဟုသုတ အချက်အလက်တွေကို အခုပဲ ခင်ဗျား ခံစားနေရပြီလေ။ကျွန်တော်တို့ Website ရေးတယ်၊ အင်တာနက်နဲ့ပတ်သက်တာတွေ အလုပ်တွေကို လုပ်ပါတယ်။ Hosting, Domain က အစ ခင်ဗျား Website အတွက် လိုအပ်တာတွေအကုန် ကျွန်တော်တို့ဆီမှာရနိုင်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့အချက်အလက်တွေနဲ့ အလုပ်တွေကို မျှဝေနေပြီလေ။ ကျွန်တော်တို့ဆီကို ဆက်ပြီးစုံစမ်းလိုက်တာနဲ့ ပိုကောင်းတဲ့အချက်အလက်တွေ တရစပ် လက်ခံရရှိမှာပါ..
- Log in to post comments