လုပ်ငန်းရှင်တွေအတွက် ဒိုမိန်း ၅ခု

အရင်တုန်းကတော့ ကိုယ်တိုင်လည်းနားမလည်ခဲ့ပါဘူး။ ဒါပေမယ့်ကိုယ်ပိုင် startup ပုံစံလေးလုပ်တဲ့အချိန်ကနေစပြီးတော့ကိုယ်တိုင် ဒိုမိန်းရွေးရတော့မယ်လေ အဲဒီအတွက်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်းစဥ်းစားသလိုပဲကျွန်တော်ကိုယ်တိုင် ပြန်လည်မျှဝေပေးခြင်းတာလေးတွေကိုရေးပေးလိုက်ပါတယ်။
.com
.com ကိုတော့လူတိုင်းသိကြပါတယ်။ Domain မှာယူမယ်ဆိုရင် အကုန်လုံးက .com ပဲရှာကြတာလေ။ com ရဲ့အရှည်ကောက်က commercial ပါ။ လုပ်ငန်းတိုင်းအတွက်သင့်လျော်ပါတယ်။ အကယ်၍ သင့် ဒိုမိန်းဟာ com နဲ့ရမယ်ဆိုရင် အဲဒါကိုပဲ ဦးစားပေးယူလိုက်ပါ။
.net
com ကိုလည်းမရနိုင်တော့ဘူး၊ ကိုယ့်လုပ်ငန်းကလည်း network ပိုင်းနဲ့ပတ်သက်တယ်ဆိုရင်တော့ net ကိုစဥ်းစားသင့်ပါတယ်။ Net ရဲ့အရှည်ကောက်က network ဖြစ်နေလို့ပါပဲ။
.info
သတင်းဆိုက်တွေလုပ်မယ်ဆိုရင်လုပ်သင့်တဲ့ဆိုက်ဖြစ်ပါတယ်။ information ကိုအတိုချုံးထားတဲ့အတွက်ကြောင့်အများကြီးအလုပ်ဖြစ်မှာပါ။
.asia
အာရှတိုက်မှာနေတဲ့သူတွေအတွက်ပဲပေးထားတာဖြစ်တဲ့အတွက်ကြောင့် အာရှဆိုတဲ့နာမည်ဟာ ကျွန်တော်တို့အတွက် အဆင်ပြေစေပါလိမ့်မယ်။ အာရှတိုက်ဆိုကတည်းက အရှေ့တိုင်းရဲ့အငွေ့အသက်ကလေးတွက ပြည့်နှက်နေပြီမဟုတ်ပါလား။
.mm
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ .mm ဟာရွေးချယ်သင့်တဲ့အထဲမှာပါပါတယ်။ လုပ်ငန်းလုပ်ကိုင်ရတာ အနည်းငယ်အခက်အခဲရှိပေမယ့် ရွေးချယ်မယ်ဆိုရင်တော့ ကောင်းပါသေးတယ်။