ဝဘ်ဆိုက်နဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေမှားတတ်တဲ့ အရာ(၅)ခု

အခုခေတ်မှာ လုပ်ငန်းရှင်တိုင်းဟာ အင်တာနက်ပေါ်မှာ လုပ်ငန်းလုပ်ကိုင်ရတော့မယ် ဆိုတဲ့အသိကို ဝင်လာနေပါပြီ။ သို့ပေတည့် အင်တာနက်စာမျက်နှာပေါ်မှာ လုပ်ငန်းလုပ်တဲ့အခါမှာ မသိပဲမှားတာရော သိပြီးတော့ သိပ်ဂရုမစိုက်လို့မှားသွားတာရောဖြစ်တတ်တဲ့ အချက် ၅ ချက်တောင်ရှိပါတယ်လေ။
၁။ ဝဘ်ဆိုက်လိပ်စာများပွားများခြင်း
လုပ်ငန်းရှင်တိုင်း အဲဒီပြဿနာကိုရင်ဆိုင်ကြရပါတယ်။ ကျွန်တော်တို့နဲ့လုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တုိင်းလည်း အဲဒီလိုပါပဲ။ ဒိုမိန်းဟာ လုပ်ငန်းရှင်လက်ထဲမှာ အချိန်မရွေး လက်ကိုင်ရှိနေရမယ့်အရာဖြစ်သလို ဆိုက်လိပ်စာဟာလည်းဖြစ်နိုင်ရင် လိပ်စာတစ်ခုတည်းကို စောက်ချလုပ်တာကောင်းပါတယ်။ example ဟာ လုပ်ငန်းနာမည်ဆိုရင် example.com ဆိုတဲ့ ဝဘ်ဆိုက်တစ်ခုဆို လုံလောက်ပါတယ်။ ဒါပေမယ့် example-job.com, example-blahblah.com ဆိုတာမျိုး လိပ်စာတွေ အပွားတွေနဲ့ဆိုရင် ကြည့်ရတဲ့သူက ယုံရခက်ကြီးတွေဖြစ်ကုန်တာပါပဲ။
၂။ ဝဘ်ဆိုက်ကို လိပ်စာကဒ်လိုသုံးခြင်း
ဝဘ်ဆိုက်ဟာ အများကြီးခရီးရောက်ပါတယ်။ ဒါပေမယ့် လိပ်စာကဒ်လိုသုံးနေမယ်ဆိုရင်တော့ လုပ်ငန်းလုပ်တဲ့သူတွေအတွက် အခက်အခဲအများကြီးရှိပါတယ်။ တစ်ခါဝင်ကြည့်ပြီးနောက်တစ်ခါထပ်ဝင်ကြည့်တဲ့အချိန်ကျရင် လူတွေက သိပ်မကြိုက်တော့ပဲ နောက်ဆိုရင် ဝဘ်ဆိုက်ကို လုံးဝဝင်မကြည့်တဲ့အထိ ဝန်ဆောင်မှုအားတွေကျသွားနိုင်ပါတယ်။
၃။ အီးမေးလ်
ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ် လုပ်ငန်းရှင်တွေဟာ ကိုယ်ပိုင် အခကြေးငွေပေးရတဲ့ အီးမေးလ် ဝန်ဆောင်မှုတွေကို ရယူထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းမှာ gmail, yahoo မျိုး အခမဲ့ ရတဲ့ ဆိုက်တွေကို သုံးပြီး အီးမေးလ်တွေကိုပို့နေခြင်းဟာ လုပ်ငန်းအတွက် အကျိုးအမြတ်မရှိပါဘူး။ လူတွေရဲ့အထင်မှာ လုပ်ငန်းကြီးဟာ အတုအယောင်လို့ထင်သွားနိုင်တဲ့အလားအလာတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။
၄။ ဘလော့ခ်မရှိခြင်း
နိုင်ငံအများစုမှာ အောင်မြင်တဲ့လုပ်ငန်းတိုင်းဟာ blog ကိုရေးကြပါတယ်။ ဘလောခ့်ဆိုတာဟာ အသုံးပြုသူတွေကို ချက်ခြင်းလက်ငင်းရောက်သွားနိုင်စေမယ့် ကြော်ငြာနည်းတစ်မျိုးပါပဲ။ အခုနောက်ပိုင်းမှာ ဝယ်ယူသူတွေဟာ ၈၀ ရာခိုင်နှုန်းလောက်အထိ အင်တာနက်ပေါ်မှာ ရှာဖွေပြီးတော့မှ ဝယ်ယူကြမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ဘလောခ့်လိုမျိုးလုပ်ပြီးရင် ထည့်ပေးရမယ့် အချက်အလက်တွေကိုစဥ်းစားပြီး ဘလော့ခ်တစ်ခုထောင်လိုက်ပါတော့။
၅။ အွန်လိုင်းပေါ်က စားသုံးသူကို အဖက်မလုပ်ခြင်း
ကျွန်တော်တို့ ဒီနေ့ထက်ထိကြုံနေရတုန်းမို့ ဒီအချက်ကို ထည့်ရေးလိုက်ရတာပါ။ အွန်လိုင်းပေါ်က ဆက်သွယ်လာတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ချိတ်ဆက်မှုတွေကို အရေးတယူ တုံ့ပြန်မှု များသောအားဖြင့် မရှိပါဘူး။ အဲဒီအတွက်ကြောင့် အသုံးပြုသူစိတ်ထဲမှာ ဝန်ဆောင်မှုအားနည်းချက်တွေကိုပဲသယ်ဆောင်လာပါတယ်။ အဲဒီမှာ ကိုယ့်လုပ်ငန်းကိုပါ အထင်သေးတဲ့အကွက်တွေဖြစ်လာတော့တာပါပဲ။